Skip to main content

sawsan အတိတ်က လွမ်းစရာတစ်ခု

Facebook သိပ်မသုံးဖြစ်တော့ ဘာတွေ သတိရမိလဲဆိုတော့ 2008 လောက်က Mystery Zillion Forum ကလူတွေရယ် သူတို့ဆွေးနွေးချက်တွေ အမေးအဖြေတွေ ကိုယ်သိတာတွေပြော မသိတာတွေမေးရင်း လေ့လာခဲ့တာတွေ ပျင်းလာရင်..

မြန်မာမိသားစု forum
Myanmaritpro
Myanmar Tutorials
Planet Myanmar
Mandalay Gazette

တို့မှာ ဆောင်းပါးတွေဖတ် အမေးအဖြေတွေဖတ်ပြီး အတွေ့အကြုံတွေဖြစ်အောင် လေ့လာစမ်းသပ်ပြီးပညာယူလိုက် စာတွေထိုင်ဖက်လိုက်နဲ့ ပြီးရင် ကိုယ်တွေလုပ်ခဲ့တဲ့ edinooyin.com (ဧဒင်ဥယျာဉ်) Social Media မှာ Post တွေတင်လိုက်နဲ့ကိုယ့် ကိုယ်ပိုင်blog လေးမှာ  blog တွေရေးလိုက်နဲ့ ပျင်းလာရင်..

blog.saturngod.net
soemin.net
ကိုညီလင်းဆက် (Nyi Lynn Seck)
ehlar.com
blog.mghla.net (ကိုမောင်လှ)
zaung.net (ကိုဇောင်း)
ညီနေမင်း
Myanmar Blogger Society (MBS)
နွယ်ရိုး

တို့ဆီမှာ blog တွေသွားလည်လိုက်နဲ့

အဲ့တုန်းက forum တွေ မှာ သိခဲ့တဲ့ လူတွေထဲ က မှတ်မိသလောက်နာမည်တွေက

ဆရာစိုးသီဟနောင်
ကိုအိမောင်
Saturngod
K
m0rRis
CalmHill (လူပျိုကြီး)
exiter
gipsy
ထူးမြင့်နောင်
ထူးတေဇာ
ကိုဇူးဇူး
Jia_Li (DragonVirus)

တစ်ချို့လူတွေတော့ နာမည်တွေမေ့ကုန်ပြီ

Blog တွေ Forum တွေက 
2008-2010 လောက်ထိက တော်တော် အရှိန်ကောင်းခဲ့တာ 2011 နောက်ပိုင်းမှာ တော်တော်များများ Facebook ပေါ်ရောက်လာကြတော့ မြန်မာ Blog တွေ Forum တွေ တဖြည်းဖြည်း ပျောက်ကွယ်လာတာ.. ဘာပဲဖြစ်ဖြစ် မိုးအေးအေးနဲ့ ဘီယာသောက်ရင်း လွမ်းစရာတွေထဲက တစ်ခုပေါ့..



Random Quote

—