Skip to main content
Profile
My Profile
Create story
Story
User
Gue Gue
Story
User
Shin Min Khine
Story
User
April
Story
User
Nansu San
Story
User
Thiri
Story
User
Htet Htet

Posts

sawsan 1111 warp vpn wgcf config for wireguard apk

1.1.1.1 vpn warp Config ဖိုင်ကို WireGuard App မှာ ထည့်သုံးဖို့အတွက် Termux ထဲမှာ cf လို့ ရိုက်လိုက်ရုံနဲ့ wgcf warp Config ဖိုင် ထုတ်ပေးအောင် လုပ်ခဲ့တယ်။ ဖိုင်တွေကို ခဏခဏ ဆက်တိုက်ထုတ်ရင် Cloudflare ဘက်က IP Ban တတ်လို့၊ Tor Network ကနေ IP Auto Change ပြီး Config ဖိုင်တွေကို လိုသလောက် ထုတ်လို့ရအောင်လုပ်လိုက်တယ်..  wgcf Config ရဲ့ Default Endpoint URL ဖြစ်တဲ့ engage.cloudflareclient.com:2408 က တစ်ခါတစ်လေမှာ အဆင်မပြေဖြစ်တတ်တာမို့၊ Block List ထဲ မပါသေးတဲ့ Endpoint တွေရအောင် CF Clean IP တွေကို Auto Ping Test လုပ်ပြီး အမြန်ဆုံးနဲ့ အကောင်းဆုံး IP ကို Endpoint နေရာမှာ ပြောင်းထည့်ခိုင်းလိုက်တယ်။  နောက်တစ်ခုက CF Endpoint ရဲ့ Default Port 2408 ကို တချို့ Operator SIM တွေက Ban ထားတော့ သုံးလို့မရဘူး။ အဲဒါကြောင့် IKEv2 ရဲ့ Port 500 ကို ပြောင်းသုံးလိုက်တာ အဆင်ပြေသွားတယ်။ Termux မှာ cf လို့ ရိုက်ရင် wgcf Config ဖိုင်ကို Default Endpoint URL (engage.cloudflareclient.com:500) နဲ့ ထွက်လာမယ်။  Termux မှာ cfip လို့ ရိုက်ရင် Block List ထဲမပါသေးတဲ့ CF Clean IP တွေကို Ping Test လုပ်ပြီး၊ အကောင်...

sawsan အတိတ်က လွမ်းစရာတစ်ခု

Facebook သိပ်မသုံးဖြစ်တော့ ဘာတွေ သတိရမိလဲဆိုတော့ 2008 လောက်က Mystery Zillion Forum ကလူတွေရယ် သူတို့ဆွေးနွေးချက်တွေ အမေးအဖြေတွေ ကိုယ်သိတာတွေပြော မသိတာတွေမေးရင်း လေ့လာခဲ့တာတွေ ပျင်းလာရင်.. မြန်မာမိသားစု forum Myanmaritpro Myanmar Tutorials Planet Myanmar Mandalay Gazette တို့မှာ ဆောင်းပါးတွေဖတ် အမေးအဖြေတွေဖတ်ပြီး အတွေ့အကြုံတွေဖြစ်အောင် လေ့လာစမ်းသပ်ပြီးပညာယူလိုက် စာတွေထိုင်ဖက်လိုက်နဲ့ ပြီးရင် ကိုယ်တွေလုပ်ခဲ့တဲ့ edinooyin.com (ဧဒင်ဥယျာဉ်) Social Media မှာ Post တွေတင်လိုက်နဲ့ကိုယ့် ကိုယ်ပိုင်blog လေးမှာ  blog တွေရေးလိုက်နဲ့ ပျင်းလာရင်.. blog.saturngod.net soemin.net ကိုညီလင်းဆက် (Nyi Lynn Seck) ehlar.com blog.mghla.net (ကိုမောင်လှ) zaung.net (ကိုဇောင်း) ညီနေမင်း Myanmar Blogger Society (MBS) နွယ်ရိုး တို့ဆီမှာ blog တွေသွားလည်လိုက်နဲ့ အဲ့တုန်းက forum တွေ မှာ သိခဲ့တဲ့ လူတွေထဲ က မှတ်မိသလောက်နာမည်တွေက ဆရာစိုးသီဟနောင် ကိုအိမောင် Saturngod K m0rRis CalmHill (လူပျိုကြီး) exiter gipsy ထူးမြင့်နောင် ထူးတေဇာ ကိုဇူးဇူး Jia_Li (DragonVirus) တစ်ချို့လူတွေတော့ နာမည်တွေမေ့ကုန်ပြီ Blog တွေ Forum တွေက...

sawsan ဒေါသ

ဒေါသဖြစ်တာနည်းလာရင် ကိုယ်လည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်မိသားစုလည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေလည်း စိတ်ပိုချမ်းသာမယ်။ ဒေါသနည်းရင် စိတ်မငြိမ်မှုနည်းသွားတယ်။ အရင်စလိုလုပ်တာ၊ပြောတာ နည်းသွားတယ်။ဒေါသဖြစ်တာကိုသိတာ များလာလေလေ ဒေါသ နည်းသွားလေလေပဲ။ ကြောက်တာ၊ စိုးရိမ်တာကိုသိလေလေ ကြောက်တာစိုးရိမ်တာ နည်းသွားလေလေပဲ။ အဲဒါ တကယ်လက်တွေ့လုပ်ကြည့်မှပဲ သိမယ်။ 🔥🔥🔥🔥 ဒေါသနဲ့ပေါက်ကွဲတာလည်း မကောင်းဘူး။ အရှုံးပေးပြီး ကျိတ်ပြီးဒေါသဖြစ်တာ၊ ကိုယ့်ကိုယ်ကိုအပြစ်တင်နေတာလည်း မကောင်းဘူး။ ဒါကြောင့် ဒီဒေါသအကြောင်းကို သေသေချာချာ လေ့လာသင့်တယ်။ အဆင်မပြေတာ၊ မကြိုက်တာ၊ မတရားတာနဲ့ကြုံရရင် ဒေါသဖြစ်တတ်တာ လူ့သဘာဝပါပဲ။ ဒါပေမဲ့ ဒေါသဖြစ်တာ မကျေမနပ်ဖြစ်တာ များလွန်းနေရင်တော့ ကိုယ့်သဘောထား ကိုယ့်ခံယူချက် မှားနေတယ်လို့  နားလည်သင့်တယ်။ 🔥🔥🔥🔥  တချို့ကိစ္စတွေမှာ ကိုယ်ကဒေါသမဖြစ်ပဲနေရင် ကိုယ့်ကို သတ္တိမရှိဘူး၊ ညံ့တယ်၊ ပျော့တယ်၊ အတယ်လို့ အထင်ခံရမှာကြောက်လို့ ဒေါသဖြစ်တာ။ ဒေါသမဖြစ်ပဲနေရင် ဂုဏ်သိက္ခာကျမယ်လို့ ထင်တယ်။ ဒါကြောင့် ကိုယ့်ကိုလေးစားမှုပိုရှိအောင်  ဒေါသဖြစ်လိုက်ရတယ်။ ဒါမျိုးကို ငါလက်မခံဘူး၊  ငါ...

sawsan အချစ်တွေ အရွယ်ရောက်လာတဲ့အခါ

အသက်လေးနည်းနည်းရလာတော့  ချစ်တယ်ဆိုတာ လောကဓံတွေကို ခံနိုင်ရည်ရှိပါ့မလားလို့ စိတ်ပူတတ်လာခြင်းပဲ။  သူငယ်ချင်းတစ်ယောက်ကပြောတယ်  ငါ့ချစ်သူနဲ့ နိုင်ငံရပ်ခြားကွဲသွားရင် ငါကတော့ သူအသစ်ရသွားမလားတွေ၊  အနေဝေးလို့သွေးအေးသွားမလားတွေ စိတ်မပူဘူးတဲ့ အဲ့ဒါတွေကဖြစ်လာချင်လည်းဖြစ်လာမယ် ဖြစ်လာရင်လည်း ဘယ်သူကမှတားဆီးလို့ရမှာမဟုတ်ဘူး ဖြစ်ချိန်တန်ရင်ဖြစ်လာမှာပဲတဲ့။  ငါစိတ်ပူတာက သူကျောင်းမှာအဆင်ပြေပါ့မလား၊အလုပ်အဆင်ပြေပါ့မလား၊ ပတ်ဝန်းကျင်အသစ်မှာနေသားကျပါ့မလား၊ရာသီဥတုအပြောင်းအလဲမှာ ဖျားနေမလားဆိုတာကိုပဲတဲ့။  တကယ်က ဟုတ်တယ်။တဖြေးဖြေး အသက်ကြီးလာတော့ ခွဲခွါခြင်းကိုလည်းတော်တော်များများတွေ့ဆုံပြီးပြီမို့ ခွဲခွါရမှာကို မကြောက်တော့ဘူး။ အဲ့အစားက လောကဓံအနိမ့်အမြင့်ကို ခံနိုင်ပါ့မလားလို့ စိတ်ပူတယ်။ လောကဓံဟာသေချာပေါက်ခံစားရမယ့်အရာပဲမဟုတ်လား။  ကျွန်တော်ဆို ခွေးလေးနဲ့ခွဲရတော့  ဘာစိတ်ပူလဲမေး… နွေပူပူမှာ ငါ့ကလေးအပူဒဏ်ခံနိုင်ပါ့မလားလို့ပဲ ပူမိတယ်။ဒါပေမယ့်အဲ့အပူဒဏ်ကိုလည်းအတိုင်းအတာတစ်ခုထိသက်သာအောင်လုပ်ပေးနိုင်တာကလွဲရင် ကျွန်တော်မရှောင်လွဲပေးနိုင်ဘူး။ လောကဓံဟာ သတ္တဝါတိုင်း အနည်းနဲ့အများခံစ...

sawsan Steve Jobs Speech

Apple တည်ထောင်သူ စတိဗ်ဂျော့ ၏ ၂၀၀၅ ခုနှစ် စတန်းဖို့တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပြောကြားခဲ့သော ထင်ရှားသည့် မိန့်ခွန်း အားလုံးပဲ မင်္ဂလာပါ။ အခုလို ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခုရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ တက်ရောက်ပို့ချခွင့် ရတဲ့အတွက် အလွန် ဝမ်းသာမိပါတယ်။ အမှန်အတိုင်းပြောရရင်၊ ကျွန်တော် ဘွဲ့မရခဲ့ဖူးလို့ ဘွဲ့နှင်းသဘင်ဆိုတာကို အခုမှအနီးစပ်ဆုံး ကြုံရတာပါ။ ဒီကနေ့ ကျွန်တော့်ဘဝအတွေ့အကြုံကနေ ရရှိထားတဲ့ သင်ခန်းစာ သုံးခုအကြောင်းကို ပြောပြချင်ပါတယ်။ ပထမသင်ခန်းစာကတော့ ပေါင်းစပ်ခြင်းအနာဂါတ် သဘောတရားပါ။ ကျွန်တော် ရိဒ်တက္ကသိုလ်မှာ (၆) လပဲတက်ပြီး ဆက်မတက်ဖြစ်လိုက်ပါဘူး။ ဒါပေမယ့် နောက်ထပ် (၁) နှစ်ခွဲလောက် ကျောင်းပါတ်ဝန်းကျင်မှာပဲ ဆက်နေဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲ။ ဒါ ကျွန်တော်မမွေးခင်ကတည်းက စခဲ့တဲ့ဇာတ်လမ်းပါ။ ကျွန်တော့်အမေရင်းဟာ ငယ်ရွယ်ပြီး ဘွဲ့ရပညာတတ် မဟုတ်တဲ့သူ တစ်ဦးပါ။ ကျွန်တော့်ကို ဘွဲ့ရပညာတတ် အသိုင်းအဝိုင်းမှာ ကြီးပြင်းစေချင်တဲ့အတွက် မွေးစားဖို့ ပေးခဲ့ပါတယ်။ အဲ့ဒီမှာ ရှေ့နေတစ်ဦးနဲ့သူ့ဇနီးက ကျွန်တော့်ကို မွေးစားဖို့ပြောဆိုပြီးခါမှ လက်မှတ်ထိုးရမယ့် အချိန်မှာ မိန်းကလေးလိုချင်တာ ဖြစ်နေ...