Skip to main content

Posts

Showing posts with the label Facebook

sawsan အတိတ်က လွမ်းစရာတစ်ခု

Facebook သိပ်မသုံးဖြစ်တော့ ဘာတွေ သတိရမိလဲဆိုတော့ 2008 လောက်က Mystery Zillion Forum ကလူတွေရယ် သူတို့ဆွေးနွေးချက်တွေ အမေးအဖြေတွေ ကိုယ်သိတာတွေပြော မသိတာတွေမေးရင်း လေ့လာခဲ့တာတွေ ပျင်းလာရင်.. မြန်မာမိသားစု forum Myanmaritpro Myanmar Tutorials Planet Myanmar Mandalay Gazette တို့မှာ ဆောင်းပါးတွေဖတ် အမေးအဖြေတွေဖတ်ပြီး အတွေ့အကြုံတွေဖြစ်အောင် လေ့လာစမ်းသပ်ပြီးပညာယူလိုက် စာတွေထိုင်ဖက်လိုက်နဲ့ ပြီးရင် ကိုယ်တွေလုပ်ခဲ့တဲ့ edinooyin.com (ဧဒင်ဥယျာဉ်) Social Media မှာ Post တွေတင်လိုက်နဲ့ကိုယ့် ကိုယ်ပိုင်blog လေးမှာ  blog တွေရေးလိုက်နဲ့ ပျင်းလာရင်.. blog.saturngod.net soemin.net ကိုညီလင်းဆက် (Nyi Lynn Seck) ehlar.com blog.mghla.net (ကိုမောင်လှ) zaung.net (ကိုဇောင်း) ညီနေမင်း Myanmar Blogger Society (MBS) နွယ်ရိုး တို့ဆီမှာ blog တွေသွားလည်လိုက်နဲ့ အဲ့တုန်းက forum တွေ မှာ သိခဲ့တဲ့ လူတွေထဲ က မှတ်မိသလောက်နာမည်တွေက ဆရာစိုးသီဟနောင် ကိုအိမောင် Saturngod K m0rRis CalmHill (လူပျိုကြီး) exiter gipsy ထူးမြင့်နောင် ထူးတေဇာ ကိုဇူးဇူး Jia_Li (DragonVirus) တစ်ချို့လူတွေတော့ နာမည်တွေမေ့ကုန်ပြီ Blog တွေ Forum တွေက...

sawsan ကျနော်နဲ့ Social Media

Facebook, Tiktok, Instagram စသည့် Social Media App တွေက တခြားသူတွေရဲ့ Emotion တွေကို ကိုယ့်အပေါ်မှာ လွှမ်းမိုးကူးဆက် ခံစားရစေတယ်၊ လူ့သဘာဝက အဲ့လို Emotion တွေကို ခံစားချင်လို့ကိုသုံးခဲ့တာပဲလေ ဒါပေသိ ကိုယ့်ရဲ့ Emotion တွေကိုလည်းထိန်းချုပ်ရခက်လာတယ် ကိုယ်တိုင်လည်း မကြာမကြာ Emotion တွေထုတ်ဖော်ပြချင်လာတယ် စိတ်ထွက်ပေါက်ပုံစံမျိုးဖြစ်ဖြစ်ပေါ့... ဒါတွေကို ၆လ ၇လလောက်အသုံးလျော့ကြည့်တဲ့အခါမှာ အစပိုင်းမှာ တစ်ယောက်ထည်း အထီးကျန်သလိုဖြစ်တယ် အဲ့နောက် ငါဘာလုပ်မယ်ဆိုတဲ့ ခေါင်းစဉ်တည်စရာတွေစဉ်းစားပီး ကိုယ်လုပ်ချင်တာပိုလုပ်ဖြစ်လာတယ်၊ Social Media ကိုဒီအတိုင်းသုံးနေတုန်းကကြ ကိုယ်လိုချင်တာကို ဦးတည်ပီးယူရတာမျိုးထက် သူပေးတဲ့နောက်ကိုမျောလိုက်ရနေသလိုမျိုးဖြစ်နေတယ်။  ဘယ်ဟာဖြစ်ဖြစ် အကောင်းအဆိုးဒွန်တွဲနေတာဆိုတော့ သုံးတတ်ရင်တော့အကျိုးရှိပါတယ်။ တစ်နေ့တော့ အရင်လိုပေါက်တတ်ကရစာတွေ စိတ်ထွက်ပေါက်အနေနဲ့ရေးဖို့ Come Back ဆိုပီး ပြန်လာခဲ့ပါ့မယ် ခုတော့ နားလက်စနဲ့ နားလိုက်ဦးမယ် 😅

sawsan Blog ပြန်ရေးမယ်

Blog မရေးဖြစ်တာ အတော်ကြာသွားပီ။ Blog ပြန်ရေးမယ်တွေးတော့.. ကိုယ့်ရဲ့နေ့စဉ်မှတ်တမ်းပုံစံပဲရေးရမလား အရင်လို Sharing လုပ်ဖို့ရေးမလားစဉ်းစားတော့ ၂ခုလုံးရေးချင်တယ်။ ဒါပေသိ ကိုယ်တိုင်လည်း Facebook မှာပဲစာရေး Facebook မှာပဲစာဖတ်လုပ်နေတော့ Blog မှာစာဖတ်တဲ့သူကနည်းသွားပီ ဒါနဲ့ blog ကို Facebook ပုံစံလုပ်ကြည့်ရင်ကော Facebook လောက် Data မရှိဘူး Data Entry က Facebook ကိုမယှဉ်နိုင်ဘူး၊ ဒါဆို Facebook ပုံစံ Functions and Design ကော အင်း.. ဖြစ်အောင်လုပ်ရင် ဖြစ်နိုင်တာပဲ try ကြည့်မယ်။  တကယ်တမ်းတော့ Website တစ်ခုရဲ့အသက်က Data Entry ပါပဲ Data Entry post တွေက အများအတွက်အကျိူးရှိမယ်ဆိုရင် Website က သာမန်ပဲလုပ်ထားတောင် လာဖတ်ရင်း ရှာဖတ်ရင်းတွေ့တာနဲ့ မှတ်ထားပီ တကူးတကတောင် post တွေစောင့်ဖတ်ခဲ့တာတွေ ရှိခဲ့သေးတာပဲ၊ ဘာပဲဖြစ်ဖြစ် စာရေးပီး မှတ်တမ်းရေးလေးချန်ခဲ့တော့ တစ်ချိန်မှာပြန်ဖတ်ရင် ရီရတာပေါ့ 😅  အခုတောင် အရင်က Post အဟောင်းတွေပြန်ဖတ်ရင်း ရီနေမိသေးတာ ပေါက်တတ်ကရတွေ ရေးခဲ့တာတွေပါနေလို့ 😂 ကိုယ့်ဘာကို စိတ်ထွက်ပေါက်အနေနဲ့ ရေးချင်တဲ့စာလေးတွေ လာရေးမယ် Sharing လုပ်မယ် ရေးရမှာ ပျင်းတဲ့အခါ ဒါမှမဟုတ် သဘောကျတဲ့စာလ...