Skip to main content

Posts

Showing posts with the label sure

sawsan α€žေချာတာတစ်ခုα€€ α€žေα€™ှာပါ

“α€žေခြင်းတရားα€Ÿာ α€žူတော်α€€ောင်းတို့α€›ဲ့ α€™ိတ်ဆွေ” ဆိုတဲ့ α€…α€€ားα€€ို ထမြဲတမ်းα€œိုα€œို α€€ြားα€šောင်α€”ေα€™ိပါα€α€š်။ α€’ီα€…α€€ားα€žံα€œေး α€€ြားα€šောင်တိုင်းα€™ှာ α€žα€™ုတိမရဏကို ဆင်ခြင်α€–ြα€…်α€žွားပါα€α€š်။ တစ်α€žα€€်တစ်ခါα€žေα€›α€™α€š့် α€žα€™ုတိα€™α€›α€α€Ÿာ α€žံဝေဂဉာဏ်ထတွα€€် ထထောα€€်ထပံ့α€€ောင်းတစ်ခုပါပဲ။ α€žို့α€™α€Ÿုတ်ရင် α€žူα€™ျားတွေပဲ α€žေပြီး α€€ိုα€š်တစ်α€šောα€€်ပဲ α€™α€žေတော့α€žα€œို၊ α€žူα€™ျားတွေα€›ဲ့ α€”ာα€›ေးα€€ြော်ငြာတွေα€€ိုပဲ α€€ိုα€š်ဖတ်α€”ေရပြီး α€€ိုα€š့်α€”ာα€›ေးα€€ြော်ငြာα€€ို α€žူα€™ျားတွေ ဖတ်ခွင့်α€™α€›ှိတော့α€žα€œို α€–ြα€…်တက်ပါα€α€š်။ α€€ိုα€š့်α€€ိုα€š်α€€ို α€™α€žေတော့α€˜ူး၊ α€™α€žေα€”ိုင်α€˜ူး၊ α€™α€žေα€žေးα€˜ူးα€œို့ ထင်ထားတဲ့α€žူα€Ÿာ α€•α€Šာတက်ရင် တက်α€žα€œို α€™ာနတွေ α€™ို့α€™ောα€€်α€œာတက်ပါα€α€š်၊ α€₯α€…္α€…ာα€›ှိရင် α€›ှိα€žα€œို α€™ာနတွေ ပြα€Š့်α€œျှံα€œာတက်ပါα€α€š်။ α€›ာထူးα€›ှိရင် α€›ှိα€žα€œို၊ ထရွα€š်α€›ှိရင် α€›ှိα€žα€œို၊ α€”ာα€™α€Š်α€€ျော်ရင် α€€ျော်α€žα€œို α€œောα€€ီဂုဏ်တွေα€™ြင့်ရင် α€™ြင့်α€žα€œို၊ α€™ာနထဆိပ်တွေα€€ို α€žောα€€်α€™ျိုα€”ေα€™ိတက်ပါα€α€š်။ “ α€€ွေးα€žောα€œα€€်မဆန့်α€™ီ၊ ဆန့်α€žောα€œα€€်α€™α€€ွေးα€™ီ” ထချိα€”်α€™α€›ွေး α€žေα€žွားα€”ိုင်α€α€š်α€œို့ ဆုံα€–ြတ်ချα€€်ချမထားရင်ပြောတာ၊ ပြုတာ၊ တွေးတာတွေα€™ှာ၊ တဏှာ၊ α€™ာα€”၊ α€’ိဋ္α€Œိတရားတွေα€€α€žာ ခိုထောင်းα€”ေပြီး α€™α€›ှိတဲ့ “ငါ”α€€ို ထရှိထင်α€™ှတ်ပြီး ဦးα€…ားပေးα€›ှေ့တန်းတင် α€”ေα€–ြα€…်တတ်α€α€š်။ α€’ါα€€ြောင့်α€™ို့ “ ဝိပဿနာထစ α€žံဝေဂဉာဏ်α€€” α€œို့ ဆရာထရှင်တွေα€€ ဆုံးမထ...